Thursday, May 7, 2015

အချစ် အလွမ်း နဲ့ ကဗျာ

►► တကယ်ချစ်လာတဲ့အခါ
ကဗျာတွေ ဖြစ်မလာတော့ .. ။
အချစ်ဟာ အချစ်သက်သက်
တိတ်တိတ်လေး ငြိမ်သက် .. ။
►► တကယ်လွမ်းလာတဲ့အခါ
ကဗျာက မစွမ်းသာတော့ .. ။
အလွမ်းဟာ အလွမ်း သက်သက်
ရင်ထဲမှာ ခါးသက် .. ။
►► ပတ်သက်ခြင်း ဒီဂရီဟာ
တရိပ်ရိပ်တက်လာတော့
အချစ် က အချစ်မှာ မွေ့
အလွမ်း က အလွမ်းမှာပဲ မြေ့တယ် .. ။
►► ဒီမယ် .. ကိုယ့်လူ
အချစ် အတွက် နဲ့ များ
ခင်ဗျား .. ကဗျာတွေ ရွတ်နိုင်သေးရင် ..
ခင်ဗျား .. ကဗျာတွေ ရေးနိုင်သေးရင် ..
ခင်ဗျား .. ကဗျာတွေ တွေးနိုင်သေးရင် ..
ခင်ဗျားချစ်ခြင်း .. ဗားရှင်းမြှင့်ဖို့ လိုလိမ့်မယ် .. ။

(၁၉.၄.၂၀၁၅)

2 comments: